• ကျွန်ုပ်တို့ ကျင့်ဝတ်စည်းကမ်း၏ အခြေခံစည်းမျဉ်း (Code Principle) တစ်ခုမှာ ဖွင့်ဟထုတ်ဖေါ် ပြောဆိုခြင်း ဖြစ်ပါသည်။ ဆောင်ရွက်မှုများသည် ကိုယ်ကျင့်တရား သို့မဟုတ် ကျွန်ုပ်တို့၏ ကျင့်ဝတ်စည်းကမ်းနှင့် ကိုက်ညီမှုရှိ မရှိ ဆိုသည်တို့နှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်များ ရှိသည့်အခါတွင် ကျွန်ုပ်တို့၏ မန်နေဂျာများ နှင့် Compliance Function တို့ကို မေးမြန်းနိုင်ပါသည်၊ ထို့အပြင် သက်ဆိုင်ရာ ဥပဒေနှင့် ကျွန်ုပ်တို့၏ ကျင့်ဝတ်စည်းကမ်းတို့ကို ချိုးဖောက်မှုရှိနိုင်သည်ဟု သံသယရှိသော လုပ်ဆောင်ချက်များကို အမြဲမေးမြန်းဆွေးနွေး၍ သတင်းပို့ပါသည်။
  • ဥပဒေ၊ ကျင့်ဝတ်နီတိတို့နှင့် ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်မည်ဟု ပြုထားသော ကတိကို တည်နိုင်အောင် ဤသို့သတင်းပေးပို့ခြင်းအားဖြင့် Telenor၏ ဂုဏ်သတင်းကို ကျွန်ုပ်တို့က ကူညီစောင့်ရှောက်ပေးရာ ရောက်ပါသည်။
  • ယင်းမှာ Telenor၏ ဝန်ထမ်းများအဖြစ် ကျွန်ုပ်တို့မျှဝေထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားပင်ဖြစ်ပါသည်။ စိုးရိမ်မကင်းဖြစ်မှုများကို မျှဝေထုတ်ဖေါ်ပြောလာရန်အတွက် သတ္တိရှိရန်လည်း ရံဖန်ရံခါ လိုအပ်ပါသည်။ အကယ်၍ ပြဿနာတစ်ရပ်ကို မိမိ၏ မန်နေဂျာ သို့မဟုတ် Compliance Function နှင့် ဆွေးနွေးတိုင်ပင်ရန် သို့မဟုတ်သတင်းပို့ရန် မိမိအနေဖြင့်အဆင်မပြေပါက ဝန်ထမ်းအားလုံး၊ မိတ်ဖက်လုပ်ငန်းများနှင့် သက်ဆိုင်သောပုဂ္ဂိုလ်များတို့သည် Integrity Hotline ကို အသုံးပြုနိုင်ပါသည်။
  • စိုးရိမ်ကြောင့်ကြမှုတစ်ခုကို သတင်းပေးပို့တိုင်ကြားခြင်းပြုသူ၊ နှင့် သတင်းပို့တိုင်ကြားခံရသော ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များကို လွတ်လပ်သော သီးခြားကုမ္ပဏီတစ်ခု၏ ချန်နယ်လိုင်း မှတဆင့် လျှို့ဝှက်စွာ ကိုင်တွယ်ဆောင်ရွက်၍ ကာကွယ်စောင့်ရှောက်ထား ထိန်းသိမ်းထားနိုင်ရန် ရည်စူး၍ Integrity Hotline အား ပြုလုပ် ဆောင်ရွက်ထားပါသည်။
  • သတင်းပေးပို့ တိုင်ကြားမှုအားလုံးကို လျှို့ဝှက်အဖြစ် သတ်မှတ်၍ အရေအတွက်အားဖြင့် အလွန်တင်းကျပ်စွာ ကန့်သတ်ထားသောသူများကိုသာ ဝင်ရောက်ရယူခွင့်ပြုသည်။ သတင်းပေးပို့နိုင်သော ချန်နယ်လိုင်းကို အမြဲဖွင့်ထား၍ မြောက်များစွာသော ဒေသသုံး ဘာသာစကားများဖြင့်လည်း ပေးပို့တိုင်ကြားခြင်းပြုရန်ရရှိနိုင်ပါသည်။ သတင်းပေးပို့တိုင်ကြားရာတွင် အမည်မဖေါ်ဘဲ နေလိုက နေနိုင်ပါသည်။ သင့်အနေဖြင့် တစ်မျိုးတစ်ဖုံ သဘောတူညီထားသည်မှတပါး သင်မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို လျှို့ဝှက်ထားပါမည်။
  • သတင်းပေးပို့တိုင်ကြားလာသော စိုးရိမ်ကြောင့်ကြမှုများကို အလေးထားအရေးယူ ဆောင်ရွက်သည့်ပြင် မျှတ၍ ရည်ရွယ်ချက်ရှိရှိ ဆက်လက်ဆောင်ရွက်မှုပြုပါသည်၊ သတင်းပေးပို့တိုင်ကြားမှုများကို Internal Audit & Investigation (GIA&I) မှ ဦးစွာလက်ခံရရှိ၍ စစ်ဆေးသုံးသပ်ပါသည်။
  • အကယ်၍ (စိုးရိမ်စရာကိစ္စ) စိုးရိမ်ကြောင့်ကြဖြစ်ရမှုများ သို့မဟုတ် စွပ်စွဲမှုများ ကြီးမားပြင်းထန်ခြင်းရှိပါက သက်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းနိုင်ရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို GIA&I ကတာဝန်ယူဆောင်ရွက်ပါသည်။ ထိုမှတပါး တခြားကိစ္စရပ်များအတွက်ကိုမူ သက်ဆိုင်ရာ စီးပွားရေးယူနစ် (Busniess Unit) သို့လွှဲပြောင်းပြီး ခန့်အပ်ခြင်းခံရသည့် လွတ်လပ်သောအဖွဲ့တရပ်မှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။ စုံစမ်းစစ်ဆေးဆောင်ရွက်မှု လုပ်ငန်းစဉ်၏ ကျင့်ဝတ်သိက္ခာကို သေချာစွာ စောင့်ရှောက်ထိန်းသိမ်း နိုင်စေခြင်းငှာ ဌာနဆိုင်ရာအားလုံးသည် သတင်းအချက်အလက်အားလုံးကို အတင်းကြပ်ဆုံး အနေအထားဖြင့် လျှို့ဝှက်ထိန်းသိမ်းထားရန် လိုအပ်သည်။
  • ကျွန်ုပ်တို့ compliance အစီအစဉ်၏ အဓိကအရေးကြီးသော အချက်မှာ တည့်မတ်ပြင်ဆင်ရေး ဖြစ်သည့်အားလျော်စွာ အရေးယူမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် နှင့် သင့်တော်သည့်နေရာတွင် ဝန်းထမ်းစည်းမျဉ်း စည်းကမ်းကို တည့်မတ်ပြင်ဆင်ပေးနိုင်ရန် ဖြစ်ပါသည်။ စည်းကမ်းပိုင်းဆိုင်ရာအရ သို့မဟုတ် တည့်မတ်ပြင်ဆင်ရေးအရ အရေးယူဆောင်ရွက်ရန် လိုအပ်ခြင်းရှိမရှိကို ဆုံးဖြတ်ပေး၍ စုံစမ်းစစ်ဆေးထားသော ပြဿနာရပ်များကို/စိုးရိမ်ကြောင့်ကြဖြစ်ရမှုများကို ဖြေရှင်းပေးရာတွင် စီမံအုပ်ချုပ်သူများကို Compliance Function က ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ မည်သူမဆို ဥပဒေ၊ ကျွန်ုပ်တို့၏ ကျင့်ဝတ်စည်းကမ်း သို့မဟုတ် Telenor၏ ပေါ်လစီများ၊ လက်စွဲလမ်းညွှန်များကို ကျူးလွန်ချိုးဖောက်ပါက အလုပ်မှရပ်စဲသည်ထိအရေးယူခြင်း အပါအဝင် စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူခြင်းခံရနိုင်ဖွယ်ရှိပါသည်။
  • ယင်းကဲ့သို့ ကျူးလွန်ချိုးဖောက်မှုများသည် Telenor၏ ဂုဏ်သတင်းကို ထိခိုက်ပျက်စီး စေနိုင်သဖြင့် စီးပွားရေးအရ ဆုံးရှုံးမှုရလဒ်များ နှင့် ဥပဒေကို ချိုးဖောက်မှုများကြောင့် Telenor နှင့် ကျူးလွန်သူ ပုဂ္ဂိုလ်အား ဥပဒေအရ ဒါဏ်ငွေတပ်ရိုက်ခံရခြင်း၊ ပြစ်ဒါဏ်ပေးခံရခြင်း၊ နစ်နာကြေးများနှင့် အချို့ကိစ္စရပ်များတွင် အကျဉ်းချခံရခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ရလာစေနိုင်ပါသည်။
  • လက်တုန့်ပြန်ခံရမည့်အရေးကို စိုးရိမ်ကြောင့်ကြဖြစ်စရာမလိုဘဲ ကျင့်ဝတ်သိက္ခာမဲ့သော သို့မဟုတ် တရားမဝင်သော အပြုအမူ/ပြုမူဆောင်ရွက်မှုကို ကျွန်ုပ်တို့အားလုံးက သတင်းပို့ တိုင်ကြားနိုင်ကြောင်း သိရှိမှတ်သားထားရန် အလွန်အရေးကြီးပါသည်။ သဘောရိုးဖြင့် ဖွင့်ဟထုတ်ဖေါ်ပြောဆိုခြင်း ပြုသူများကို တုန့်ပြန်သည့် မည်သို့သော လက်စားချေခြင်းကိုမဆို Telenor က လုံး၀ သည်းခံခြင်းမရှိပါ။